သုံးခွ ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်၍၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာ၊မတည်ရန်ပုံ ငွေစီမံကိန်း VRFP (စတုတ္ထ)နှစ်စက်ဝန်း လည်ပတ်နိုင်ရေးအတွက် ယမန်နေ့ညနေ ၃နာရီက ၀င်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ချေးငွေထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ချေးငွေများထုတ်ချေးရာတွင် ဝင်းကြီးကျေးရွာ၊ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း ကော်မတီဥက္ကဋ္ဌ ဦးလေးနိုင်က စီမံကိန်းရည်ရွယ်ချက်၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်၊ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းအမျိုးအစားသုံးမျိုးခွဲခြား၍ ချေးငွေ အောင်သူအသင်းသား (၁၀၁)ဦးသို့ စုစုပေါင်းငွေကျပ် သိန်း(၃၅၀) အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများကြီးကြပ်၍ ဝင်းကြီးကျေးရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးလေးနိုင်နှင့် အဖွဲ့ဝင်များက စနစ်တကျ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)