သန်လျင်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဖွဲ့စည်း

သန်လျင် ဧပြီ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး(သန်လျင်)လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဖွဲ့စည်းပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဖွဲ့စည်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်သန်လျင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစောဝင်း(ဖိုးစော-သန်လျင်)နှင့်အဖွဲ့ဝင်များက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဖွဲ့စည်းမှုတွင် ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား အကြုံပြုဆွေးနွေးကြသည်။

ထို့နောက် သန်လျင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစောဝင်း(ဖိုးစော-သန်လျင်)နှင့်အဖွဲ့ဝင်(၁၀)ဦးပါဝင်သော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အားဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)