ကျိုင်းတောင်း ဧပြီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ သင်္ကြန်ကာလတွင် နှစ်သစ် ကိုကြိုဆိုသောအားဖြင့် အိမ်တိုင်းအိမ်တိုင်းတွင် အတာအိုးများဖြင့် အတာသင်္ကြန် ပန်းများ ထည့်၍ ကြိုဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါ အတာသင်္ကြန်ပန်းများကို ဒေသခံပြည်သူများက မိမိတို့ပတ်ဝန်းကျင်ရှိ သင်္ကြန်ပန်း များနှင့်သက်ဆိုင်သည့် အညွှန့်များကို ခူးယူလျက် တစ်စီးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း အတာသင်္ကြန်ပန်းရောင်းချသူ တစ်ဦးထံမှ သိရသည်။
သီဟ(ပြန်/ဆက်)