ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကသာ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့စာရေးဆရာများအသင်းတို့ ပူးပေါင်း၍ “မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်”အကြောင်း အသိပညာပေးTalk Show ဆွေနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက သင်္ကြန်ဖြစ်ပေါ်လာပုံအကြောင်း၊ သင်္ကြန်၏ အဓိပ္ပယ်များကို လူငယ်လူရွယ်များ သိရှိနိုင်စေရန်၊ မြန်မာလူမျိုးတို့၏ သင်္ကြန်နှစ်သစ်ကူးကာလတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိသည်များအကြောင်းနှင့် ယခုနှစ်တွင် ကျရောက်မည့်အတာသင်္ကြန်အကြောင်းတို့ကို မေးမြန်းဆွေးနွေးခဲ့ရာ စာရေးဆရာမ ဒေါ်နန်းထွန်းမေ(အေးမြသက်ထား)က  ပုဂံခေတ်ရှေး မြန်မာဘုရင်များ လက်ထက်မှစ၍ ခေတ်အဆက်ဆက် ပြောင်းလဲလာသော သင်္ကြန်ယဉ်ကျေးမှုများအကြောင်း၊ မြန်မာ့ဓလေ့ဗုဒ္ဓဘာသာအဆုံးအမနှင့်အညီ သက်ကြီးပူဇော်ပွဲများ၊ ဘေးမဲ့လွှတ်ပွဲများ၊ စတုဒီသာအလှူများအကြောင်းနှင့် နှစ်သစ်အတွက် ဆုတောင်းများကို ပြည့်စုံစွာဆွေးနွေးခဲ့သည်။

ထို့နောက် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးအစီအစဉ်များကို Online မှတဆင့် ဆောင် ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊  အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)