တိုက်ကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တိုက်ကြီး     ဧပြီ      ၁၂

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုက်ကြီးမြို့နယ်မီးသတ်ဉီးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်စခန်းမှ  လက်ထောက်မီးသတ်ဉီးစီးမှူး ဉီးနေမျိုးထွန်းဉီးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဉီးတို့သည် မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ယနေ့နံနက် ၉ နာရီက  မြို့ပေါ်ရပ်ကွက်/ ကျေးရွာများရှိ  ပြည်သူများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် မီးသတိမူရေး လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များ ပါဝင်သည့် Sticker များကို အများပြည်သူထင်သာမြင်သာရှိသည့်နေရာများတွင် ပြသထားခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်​ရေးအသိပညာပေးလုပ်ငန်းတို့ကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)