ရွာငံ ဧပြီ ၁၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းဝန်းကျေးရွာတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်တွင် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၁ နာရီက သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ သွားရောက်စစ်ဆေးရာတွင် မြင်းဝန်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ (၇.၄.၂၀၂၃)ရက်နေ့က ဦးလှိုင်မျိုးဦး မိသားစု ရှင်ပြုအလှူပွဲ ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ရိုးရာဓလေ့အရ စျေးဆိုင်တန်းများ ထည့်သွင်းဆောင်ရွက်ခြင်းသာ ရှိခဲ့ကြောင်း၊ လူမှုကွန်ယက်တွင် ဖော်ပြထားသလို နှစ်ရှည်လများ ပွဲတော်တစ်ခုသဖွယ် ကျင်းပနေခြင်းဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း မြင်းဝန်းကျေးရွာမှ ရွာဦးကျောင်းဆရာတော်နှင့် ကျေးရွာနေ ရပ်မိရပ်ဖများထံမှ သိရသည်။
အဆိုပါ လူမှုကွန်ယက်တွင် သတင်းထွက်ပေါ်နေသည့် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းဝန်းကျေးရွာတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေသည်မှာ သတင်းအမှားဖြစ်ပါကြောင်းနှင့် မည်သည့် လောင်းကစားဝိုင်းမှ ဆောင်ရွက်ခြင်းမရှိပါကြောင်း သတင်းအမှန်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ သွားရောက်ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရသည်။
ပြည့်ဖြိုးသန့်