မြို့သစ်မြို့စည်ပင်သာယာစျေး၌ ငရုတ်သီးစိမ်းများဈေးကောင်းရရှိ

မြို့သစ်  ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

"ယခုနှစ်ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၇၀၀၀)ကျပ်စျေးအထိ ရောင်းရတယ်၊ ကနဦးပေါ်တုန်းက (၁၀၀၀)/ (၁၅၀၀)ကျပ်ရှိတယ်၊ ယခုစျေး(၇၀၀၀)စျေးအတိုင်း ဘဲသွားမယ်ဆိုရင် မိသားစုအတွက် အဆင်ပြေပါတယ်" ဟု၄င်းကပြောသည်။ ငရုတ်စိုက် တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုမှုကောင်းမွန်လျှင် အထွက်နှုန်းကောင်းကာ အသီးလှသဖြင့် စားသုံးသူများကြိုက်နှစ်သက်ကာ ပုံမှန်ဝယ်ယူစားသုံကြကြောင်း ငရုတ်စိုက်တောင်သူထံက သိရသည်။

  သန်းဝင်းထွန်း ( ပြန်/ဆက်)