တောင်ဥက္ကလာပ ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) သင်္ကြန်ကာလအတွင်းရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေပွဲများဖြင့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက် သစ္စာလမ်းမကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ကျင်းပရာတွင် ဗဟိုမဏ္ဍပ်အပါအဝင်၊ မဏ္ဍပ်အသီးသီးတွင် မဏ္ဍပ်များတွင် အဆိုတော်များ၊ ဝါသနာရှင် များမှ ခေတ်ပေါ်တေးဂီတသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ သင်္ကြန်ကာလအကြိုနေ့မှ စတင်ကာနေ့စဉ် စတုဒီသာကျွေးမွေးခြင်းများဖြင့် ပျော်ရွှင်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ပြည်သူ့များပျော်ရွှင်ချမ်းမြေ့စေရန်အတွက် မြို့နယ်၌ ပိတောက်သစ္စာ ရေကစားမဏ္ဍပ် ဆောက်လုပ်ပြင်ဆင်နေမှုနှင့်ပြီးစီးမှုအခြေအနေကို သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ့ရိုးရာ မဟာသက်ြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက်ကြီးကြပ်၍ ရေကစားသူများ၊ ဖျော်ဖြေရေး၊ ယိမ်းအဖွဲ့များဖြင့်ကပြခြင်း၊ စတုဒီသာ ကျွေးသူများဖြင့် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)