ပန်းတောင်းမြို့နယ်၌ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ပန်းတောင်း ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖေါင်းကန်ရပ်ကွက် အောင်မြသိန်းတန်စေတီတော်ပရိဝုဏ်အတွင်းရှိ ဓမ္မသုခရိပ်သာတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ "နမောတဿ (၃)ကြိမ်ရွတ်ပူဇော်၍ အခမ်းအနားဖွင့်လှစ်ကာ သင်တန်းသား/သူလေးများမှ ယဉ်ကျေးလိမ္မာသီချင်းဖြင့် သီဆိုခဲ့ပြီး မြို့နယ် ဥပဋ္ဌာက အဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်မှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာကြီး ဒေါ်အဂ္ဂဝတီမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဆင်း အောင်လက်မှတ်များကို မြို့နယ် သာသနာ့နုဂ္ဂဟအသင်းမှ ဦးပြည်သန်း၊ ပေါ်တော်မူ(ရှင်ဖြူ) ဂေါပကဥက္ကဋ္ဌ ဦးအေးကြူ၊ မြို့နယ် ဥပဋ္ဌာကအဖွဲ့မှ ဦးဝင်းရှိန်၊ အောင်မြသိန်းတန် ဂေါပကဥက္ကဋ္ဌ ဦးဘီဒန်၊ သင်တန်းနာယက ဦးခင်မောင်ဆွေတို့က သင်တန်းသား/သူ (၂၈)ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)