နတ်မောက် ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာ ကံဦးဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ဖြေဆိုလျက်ရှိသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲကို ကံဦးဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင် ဆရာတော်က ဦးဆောင်ကြီးကြပ်ပြီး ကျေးရွာရှိ ကျောင်းသား/သူ (၂၈)ဦး ဖြေဆိုခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့် ဆုများနှင့် ထူးချွန်သည့် ကျောင်းသား/သူများအား ဆရာတော်ကြီးမှ မြန်မာသက္ကရာဇ် ၁၃၈၅ခု နှစ်ဆန်း(၂)ရက်နေ့တွင် ဆုများကို အသီးသီးချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း