မိုးနဲ ဧပြီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လူရုပ်တောင်ပေါ်၌ ခရီးသွားနိုင်ငံခြားသားများ ဆွဲဆောင်နိုင်ရေးနှင့် ဘုရားဝန်းအင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့မှရေလှူဒါန်းခြင်းနှင့် ဌာနစုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လူရုပ်တောင်ပေါ်၌ ရေအခက်အခဲရှိသည့်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဂါလံ ၁၆၀၀ စန့် မီးသတ်ရေယာဥ် တစ်စီးစာရေကန်များ၊ ရေဂွေများအတွင်းသို့ ထည့်သွင်းလှူဒါန်းပေးခဲ့ကြောင်း၊ ရေကန်များဆေးကြောခြင်း၊ ဘုရားဝန်းပတ်ပတ်လည် တံမြတ်စည်းလှည်းကြော ခြင်း၊ အတက်အဆင်းနေရာများ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်များဖယ်ရှားခြင်း၊ လမ်းသွားလမ်းလာနေရာများတွင် ပေါက်ရောက်နေသော သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားပန်းများ လဲလှယ်ကပ်လှူခြင်းများကို မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် သာသနာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေမြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)