မောက်မယ် ဧပြီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းဆွမ်းစားဆောင်ခန်းမ၌ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်၊ ကွန်ကျိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အနာဂတ်ကျောင်းသားကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့ နီတိများကိုသိရှိကာ ယဉ်ကျေးသည့်သားကောင်းသမီးကောင်းမွန်များ ဖြစ်လာစေရန်နှင့်ရှမ်း တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့်ရှမ်းတိုင်းရင်းသား စာပေများမပျောက်ပျက်စေရန်ရည်ရွယ်၍ ယမန်နေ့ည ၆ နာရီကရပ်ကွက်အတွင်းရှိ ကျောင်းသား/သူလူငယ်များအား နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းနှင့်ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။
ထိုသင်တန်းကို ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များနှင့် မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များတို့ကယမန်နေ့မှစ၍ ညစဉ် ၆ နာရီမှ ၉နာရီအထိ ၁ လခွဲအတွင်းသင်ကြားပေးမည်ဖြစ်ပြီးသင်တန်းတက်ရောက်သူ ကျောင်းသားကျောင်းသူ လူငယ်များ၅၀ဦးခန့် တက်ရောက်ကြောင်းကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)