မော်လမြိုင်မြို့တွင် မီးလောင်မှုဖြစ်ပွား

မော်လမြိုင်  ဧပြီ  ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက် အောက်လမ်းမကြီး လောကနတ်ဓါတ်ပုံဆိုင် ဘေးအိမ်နောက်ဘေးရှိ ဓါတ်ပုံဘောင်ထားသည့်ဂိုထောင်တွင် ယနေ့နံနက် ၄ နာရီ မိနစ်၄၀ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍မော်လမြိုင် မြို့နယ် မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ရွှေမြိုင်သီရိနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင် နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ် (၁)စီး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မြိုင် သာယာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊  သန္ဓေ ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့မှ‌ ရေသယ်ယာဉ်(၁)စီး၊ အေးမြကြည်လင် လူမှုကယ်ဆယ်မှရေသယ်ယာဉ် (၁)စီး ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး ရေသယ်ယာဉ် (၁)စီး၊ မော်လမြိုင်လူမှုကယ် ဆယ်မှ‌ရေသယ်ယာဉ်(၁)စီးတို့က စုပေါင်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ဖြစ်စဉ်အကြောင်းအရင်းမှာ ဦးဝေယံလင်းထွန်း (ဘ)ဦးအောင်နု နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/မလမ(နိုင်)၂၁၈၈၇၂ မောင်ငံရပ်ကွက်၊ ရဲဌာနလမ်း၊ အိမ်အမှတ် (၁)၊အလျား(၁၀)၊အနံ(၁၅) အုပ်ညှပ်၊ သွပ်မိုး၊အုပ်ခင်း၊ ဓါတ်ပုံဘောင် များ သိုလှောင်ရာ ဂိုထောင်(၂)လုံးတွင် ဖျက်စက်မော်တာ အပူလွန်ကဲရာမှ လွှစာမှုန့်သို့ ကူးစက် လောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေ (၉၃၇၅၀ဝိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့်လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)