သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃/၂၄ ခုနှစ်၊ ဘဏ္ဏာနှစ် လေလံလုပ်ငန်းများအား စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေး စိစစ်ကြပ်မတ်

သာပေါင်း ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃/၂၄ ခုနှစ်၊ ဘဏ္ဏာနှစ် လေလံလုပ်ငန်းများအား စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က စစ်ဆေး စိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လေလံလုပ်ငန်းများအား စစ်ဆေး စိစစ်ကြပ်မတ်ခြင်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယဦးစီးမှူး ဒေါ်သက်မာထွန်းနှင့် ဝန်ထမ်းများက ကူးတို့ဆိပ်၊ အပေါင်ဆိုင်၊ သားသတ်ရောင်းချဈေးခုံ၊ စျေးကောက် စသည်တို့ကို သက်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး လိုက်လံကြည်ရှု စစ်ဆေး စိစစ်ကြပ်မတ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)