ရေရှားပါးသောနေရာများ၌ သောက်သုံးရေ ပြတ်လတ်မှုမရှိစေ ရေးရေများအခမဲ့ဖြန့်ဝေပေး

ကျိုက်မရော  ဧပြီ  ၁၁

မွန်ပြည်နယ်၊ ကျိုက်မရော မြို့ပေါ်ရှိ ရေရှားပါးသော အနိမ့်ပိုင်း ရပ်ကွက်များသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်  ဦးစီးဌာန မှသောက်ရေများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နေ့လည် ၂နာရီ က ကမ်းနားလမ်းရှိ နေအိမ်များသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ကျိုက်မရော မြို့နယ်တွင်ပူပြင်းခြောက်သွေ့သော နွေရာသီရောက်တိုင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ် ကွက်များဖြစ်သည့်ရှင်စောပု ကမ်ူနားပိုင်း၊ ထုံးဘိုပိုင်းတို့၌ သောက်ရေကန်မျာ ရေတွင်းများရေခန်းခြောက်ကာ နှစ်စဥ်ရေရှားပါးမှုကြုံနေရသဖြင့်  မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦးကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ ဝင်များက ရေသည်ယာဥ်နှစ်စီးဖြင့် ရေဂါလံ  နှစ်ထောင်ခန့်ကို ပြည်သူများ အိမ်ရှေ့အရောက် အခမဲ့ပေးဝေ လှူဒါန်းကာရေပြတ်လပ်မှု မရှိစေရေးနေ့စဥ်ဆောင်ရွက်ပေး လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှသတင်းရရှိသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)