ကျိုက်လတ် ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ငပိချောင်းကျေးရွာရှိ ဥယျာဉ်ဝ ပေါ်တော်မူသတ္တဋ္ဌာနဘုရား၌ ယခုနှစ် ယဥ်ကျေးမှုသင်္ကြန်ပွဲတော်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေး ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ဥယျာဉ်ဝပေါ်တော်မူ သတ္တဌာနဘုရား၌ ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပရာတွင် အလှူငွေ ၁၀၀၀ိ/လှူဒါန်းပြီး ရခိုင်ရိုးရာ သင်္ကြန်ရေကစားသည့် နမူနာကိုယူ၍ တုလွှတ်ယာဥ်ပျံလောင်းလှေဖြင့် မျက်နှာခြင်းဆိုင် ရေပက်ကစားနိုင်စေရန် စီစဥ်ထားကြောင်း သိရသည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက ပြင်ဆင်နေလျက်ရှိပြီး မဟာသင်္ကြန်အကြိုနေ့မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့်