မောင်တော ဧပြီ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဗဟိုလ်မဏ္ဍပ်၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ် များနှင့် ဒေသခံပြည်သူများ၏ မဏ္ဍပ်ငယ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး ဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ကော်မတီ အသီးသီးဖွဲ့စည်းကာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် နံ့သာသွေးပြိုင်ပွဲ အခမ်းအနားများကို ဧပြီ ၁၃ ရက်နေ့ ဗဟိုလ် မဏ္ဍပ်တွင်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့ များနှင့် တေးသံရှင်များက ဖျော်ဖြေခြင်း၊ နှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဓါန ငါးလွှတ်ခြင်း၊ နံ့သာသွေးပြိုင်ပွဲတွင် ဆုရသူများအား ဆုချီးမြှင့်ခြင်း၊ ဒေသခံရပ်မိရပ်ဖပြည်သူများ စုပေါင်းကာ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအား သာသနာ့ဗိမာန်ကြီးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)