ပုဗ္ဗသီရိ မတ် ၁၁
ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြတ်သီတာဝင်းနှင့် တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်ဝေယံငြိမ်းနှင့် တာဝန်ရှိသူများ၊ တပင်ရွှေထီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ခင်နှင့် အဖွဲ့များမှ မီးလောင်မှုဖြစ်ပွားခဲ့သည့် တပင်ရွှေထီးရပ်ကွက်အတွင်းရှိ မီးဘေးသင့် နေအိမ်သို့ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးနှင့် ထောက်ပံ့ငွေ ၂၁၆၈၀၀ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)