စမ်းချောင်း ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ယမန်နေ့ ည(၇)နာရီခွဲအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အတွက် သတိပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦးနှင့် စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးတို့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံ သတိပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်ရှိ မိဘပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြိုတင်၍ လိုက်လံသတိပေးဆော်ဩခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
နီလာစိုး