မိုင်းယောင်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စီမံ/အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မိုင်းယောင်းခရိုင်ကိုယ်စားပြု U-15 ဘောလုံးပြိုင်ပွဲ ဝင်နိုင်ရေး၊ ကစားသမားများ ရွေးချယ်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့အုပ်ချုပ်ရေးမှူးဦးလောထွေးနှင့် မြို့အဆင့်ဌာနဆိုင်ရာများနှင့် အတူတက်ရောက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မိုင်းယောင်းခရိုင် ကိုယ်စားပြု U-15 ဘောလုံးပြိုင်ပွဲဝင်နိုင်ရေး ပြိုင်ပွဲဝင် ဘောလုံးကစားသမားများ ရွေးချယ်နေမှုနှင့် မုန်းလိုက်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် လျှောက်ထားသည့် မြေနေရာများ၊ နေအိမ်များ၊ အထောက်အထားများ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း