ပုလောမြို့ စည်ပင်သာယာဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ ကျင့်

ပုလော  မတ်  ၂၄

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ၄ နာရီ က ပုလောမြို့စည်ပင်သာယာဈေးကြီးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍  မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးနှင့် အရေးပေါ်ကြုံတွေ့လာပါက မီးငြိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မီးကိုစနစ်တကျသုံးစွဲရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်၊ မီးသတ်ဆေးဘူးထားရှိရန်၊ မီးမလောင်ခင် ဆောင်ရွက်ထားရှိရမည့်နည်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန်   DCP မီးသတ် ဆေးဗူးဖြင့် မီးငြှိမ်းသတ်ပုံနှင့် ရေစိုအဝတ်များဖြင့်  မီးငြှိမ်းသတ်ပုံများကို  မြို့နယ် ဦးစီး မှူး ဦးကျော်ဇင်ထိုက်နှင့် သန္ဓေတပ်ဖွဲ့ဝင်များက ဈေးသူ၊ဈေးသားများအား လက်တွေ့ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ်များဖြင့် မြို့မဈေးကြီးအတွင်း ရေပက်ဖြန်း၍ မီးငြှိမ်းသတ်မှုကို သရုပ်ပြခဲ့ရာပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော)