ပုဏ္ဏားကျွန်း မတ် ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး သမဝါယမ အသင်းများအား စီမံကိန်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာအုပ်စုနှင့် ကဏန်းတောင်ကျေးရွာအုပ်စုသို့ သွားရောက်၍ စီမံကိန်းအကြောင်းအရာများအား ချပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ စီမံကိန်းရှင်းလင်းဆွေးနွေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်နှင့် စီမံကိန်းတာဝန်ခံများက ဖက်ကျကျေးရွာအုပ်စုရှိ ရွှေမင်္ဂလာ မွေးမြူရေး သမဝါယမအသင်းသူ၊ အသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူးရေးလုပ်ငန်းများအတွက် အရင်းမပျောက်ချေးငွေများ ထုတ်ပေးမည့် အစီအစဉ်များကို ရန်ပုံငွေလုပ်ထုံးလုပ်နည်းနှင့်အညီ စာချုပ်စာတမ်းများဖြင့် စနစ်တကျ ထုတ်ချေးသွားမည့် အစီအစဉ်များကို ချပြဆွေးနွေးခဲ့ကြသည်။ အလားတူ ကဏန်းတောင်ကျေးရွာအုပ်စုရှိ ပြည့်စုံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယအသင်းသို့ သွားရောက်၍ ချပြဆွေးနွေးခဲ့ကြရာ အသင်းသား၊ အသင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)