နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ် သေဆုံး/ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

မတ္တရာ မတ် ၂၄

နိုင်ငံတော် တာဝန်ထမ်းဆောင်စဉ် သေဆုံး/ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယု၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်သန်း၊ အဖွဲ့ဝင်(၃) မြို့နယ်လဝကဦးစီးမှူး ဦးစန်းနောင်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ထွန်းလှတို့မှ သေဆုံးသွားသော နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများ၏ မိသားစုဝင်များ၊ ဒဏ်ရာရရှိသည့် ပြည်သူ့ဝန်ထမ်းများအား နှစ်သိမ့်အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် ဂုဏ်ပြုချီးမြှင့်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုနှင့် အဖွဲ့ဝင်များမှ သေဆုံးသွားသော နိုင်ငံ့ဝန်ထမ်း(၁)ဦး ပြည်သူ့ဝန်ထမ်း(၁၄)ဦး၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသည့် ပြည်သူ့ဝန်ထမ်း(၃)ဦးတို့၏ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မတ္တရာမြို့နယ်၌ နိုင်ငံတော်ငံတာဝန်ထမ်းဆောင်စဉ် သေဆုံး/ကျဆုံးသွားသူ နိုင်ငံ့ဝန်ထမ်း(၁)ဦး၏ မိသားစုဝင်များအတွက် ငွေကျပ်(၁၀)သိန်း၊ ပြည်သူ့ဝန်ထမ်း(၁၄)ဦး ၏ မိသားစုဝင်များအတွက် တစ်ဦးလျှင်(၅)သိန်းကျပ်နှုန်း၊ ဒဏ်ရာရသူ(၃)ဦးအတွက် တစ်ဦးလျှင်(၁)သိန်း ကျပ်နှုန်းဖြင့် စုစုပေါင်း(၈၃)သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)