ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

ဥတ္တရသီရိ မတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက လမ်းညွှန်အမှာစကားပြောကြားရာ ဝန်ထမ်းပြောင်းရွှေ့မှု ကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ရာနေထိုင်မှု အခြေအနေများနှင့် ရုံးတက်ရုံးဆင်းအချိန်များ၌ လုံခြုံရေးအသိသတိထား ဆောင်ရွက်ကြရန်၊ မိမိတို့နေအိမ် လိုင်းခန်းများ တွင်လည်း ကိုယ်ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွားစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)