တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား (၃/၂၀၂၃) လအတွက် ပင်စင်လစာငွေ ပုံမှန်ထုတ်ပေး

တနင်္သာရီ မတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ မတ်လအတွက် ပင်စင်လစာငွေများကို ယနေ့ နံနက် ၉နာရီမှ နေ့လည် ၂ နာရီအထိ ပုံမှန်ထုတ်ပေးခဲ့ရာ ယနေ့တစ်နေ့တာ အတွက် အငြိမ်းစား(၈၀)ဦးတို့အား ပင်စင်လစာငွေကျပ်(၁၂၆၄၆၅၅၃/၃၈)တိတိကို ထုတ်ပေးနိုင်ခဲ့ပြီး၊ ယခုလတွင်ပင်စင်လစာ ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းဦးရေ (၄၅၁)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ဘဏ်ဖွင့်ရက် (၂၁)ရက်နေ့မှစ၍ လကုန်ရက်အထိ ဦးစားပေး ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာ၍မထုတ်ယူနိုင်ပါက မိသားစုဝင် တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ အသက်အရွယ်ကြီးရင့်သူများကို ဦးစားပေးကူညီခြင်းဖြင့် ပင်စင်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် အပြန်အလှန် ပူးပေါင်းကူညီပေးကြပါရန် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာက ပန်ကြားထားရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)