မြိတ် မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အမျိုးသမီးငယ်လေးများ ကိုယ်လုံပညာ အရည်အသွေး တိုးတက်လာပြီး တွေ့ကြုံလာရမည့် အန္တရာယ်များကို ကာကွယ်နိုင်စေရေးအတွက် အမျိုးသမီးကိုယ်လုံပညာသင်တန်းကို မတ်(၂၀)ရက် ညနေပိုင်းက မြိတ်တက္ကသိုလ် အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာအေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ အမျိုးသမီးကိုယ်လုံပညာသင်တန်းကို မြိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြိတ်တက္ကသိုလ်နှင့် မြိတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးဖြိုးဝေလင်းက သင်ကြားပေးလျက်ရှိပြီး အမျိုးသမီးငယ်(၃၃)ဦးတက်ရောက်ခဲ့ကြကာ သင်တန်းကို မတ်(၂၀)မှ ဧပြီ(၃)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)