ဘားအံ မတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြာများဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ဝယ်အရောက် ကွင်းဆင်း ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀:၃၀)အချိန်ခန့်က အမှတ်(၉)ရပ်ကွက် ပအိုဝ်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(ပြည်နယ်ဦးစီးမှူးရုံး)မှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းသည် ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများလူမှုဘဝပြည်စုံစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရုံးသို့မလာရောက်နိုင်သည့် ပြည်သူများအား ကွင်းဆင်း၍နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာပြုစုပေးနေခြင်း ကြောင့်အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ C.I.D စနစ်ဖြင့် ၂၀၂၃ခုနှစ် မေလမှ စတင်၍ ရုံးဌာနများ၊ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ လူတစ်ဦး၏ အချက်အလက်များ ကောက်ယူရန် လုပ်ငန်းစီမံချက် ဆောင်ရွက်တော့မည်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်း(၅၀)စုနှင့် နိုင်ငံသားစိစစ်ကတ်ပြား (၁၃၈)ကတ်တို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက အမှတ်(၉)ရပ်ကွက်ရှိ ဒေသခံပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ပေးအပ်ခြင်းအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ဘားအံခရိုင်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်