မောင်တော မတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကအမှတ်()အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မောင်တောခရိုင် ပညာရေးမှူး ဦးချစ်သိန်းက သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းနှင့် ဦးမောင်ဝေသိန်းတို့က သင်တန်းစည်းကမ်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ၊ ဆရာမ ၂၂၆ ဦးနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ ၉၅၆ ဦး စုစုပေါင်း ၁၁၈၂ ဦး တက်ရောက်လျက်ရှိပြီး နည်းပြ ၄၁ ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာမတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)