ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရန်ကုန် မတ် ၂၁

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဝန်ထမ်းသားသမီးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အောက်ပစ္စယာ အနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင် ကျင်းပသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဓမ္မစကူး ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္ဇနက အဖွင့်ဩဝါဒစကားမြွက်ကြားခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိဦးသိန်းထွဋ်မောင်က အဖွင့်မင်္ဂလာစကားပြောကြားခြင်း၊ သင်တန်းနည်းပြတာဝန်ခံ ဒေါ်နန်းယဉ်မင်းထွေးက သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းသားသမီး ဗုဒ္ဓဘာသာအခြေခံကောင်းများ ရရှိစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြုမူ‌ပြောဆိုနေထိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ၂၀-၃-၂၀၂၃ ရက်နေ့မှ ၆-၄-၂၀၂၃ နေ့အထိ အပတ်စဉ်(တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)တစ်ပတ်လျှင်(၃)ရက် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ဝန်ထမ်းသားသမီး စုစုပေါင်း(၄၅)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)