တောင်တွင်းကြီး မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့နေ့လယ် ၁၂ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များမှ နမောတဿ (၃) ကြိမ် ညီညာစွာရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဓမ္မာစရိယတန်း(၂၁)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် မတ်လ(၂၁)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာ သာသနာ့ဗိမာန်တော် ကြီးသို့ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း စာဖြေသံဃာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)