နမ့်ဆန်မြို့နယ်တွင် အခြေခံပညာအထက်ဆင့်၊ လယ်ဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နမ့်ဆန် မတ် ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အခြေခံပညာအထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း (၁)နာရီက နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ရုံး ပညာရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးထွန်းက ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ သင်တန်းတွင် အခြေခံပညာထက်ဆင့်၌ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်နှင့် ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များအား ပို့ချသင်ကြားပေးပြီး၊ အလယ်တန်းအဆင့်၌ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များနှင့် ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ပို့ချပေးသွားမည်ဖြစ်သည်။

အခြေခံပညာအထက်တန်းဆင့် သင်တန်းတွင် နမ့်ဆန်မြို့နယ်မှ သင်တန်းနည်းပြ (၉)ဦး၊ သင်တန်း သားဆရာ (၃)ဦး၊ ဆရာမ(၂၇)ဦး စုစုပေါင်း (၃၀)ဦး၊ မန်တုံမြို့နယ်မှ သင်တန်းသားဆရာ (၃)ဦး၊ သင်တန်းသားဆရာမ (၁၀)ဦး၊ စုစုပေါင်း (၁၃)ဦးနှင့် အလယ်တန်းအဆင့်သင်တန်းတွင် နမ့်ဆန်မြို့နယ်မှ သင်တန်းနည်းပြ (၆)ဦး၊ သင်တန်းသားဆရာ(၆)ဦး၊ သင်တန်းသားဆရာမ(၁၀၉)ဦး စုစုပေါင်း (၁၁၅)ဦး၊ မန်တုံမြို့နယ်မှ သင်တန်းသားဆရာ(၂)ဦး၊ သင်တန်းသားဆရာမ(၃၈)ဦး စုစုပေါင်း (၄၀)ဦးတို့ တက်ရောက်ကြကာ သင်တန်းကာလမှာ (၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သင်တန်းတာဝန်ရှိသူထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)