သံဖြူဇရပ် မတ် ၂၁
မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာမြု့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မြို့နယ် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပြီး၊ မြို့နယ်အဆင့်ကော်မတီများမှလည်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်းဆောင်ရွက်ကြစေရေးဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကျေးရွာအလိုက် ဆောင်ရွက်ရမည့် အခြေအနေ၊ မြို့နယ်အတွင်း ဖြစ်စဥ်ဖြစ်ရပ်များ၊ ကလေးသူငယ်များနှင့်ပတ်သက်ပြီး ဖြစ်စဥ်များအပေါ် ဆောင်ရွက်ပေးနိုင်မှု၊ အရေးယူဆောင်ရွက်ရမည့်ဖြစ်စဥ်များကို ကဏ္ဍအလိုက် တင်ပြဆွေးနွေးရာ မြို့နယ်တာဝန်ရှိသူမှ ပြန်လည်ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)