ကျောက်ပန်းတောင်းမြို့နယ်တွင် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ

ကျောက်ပန်းတောင်း မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို၊ မတ်လ(၂၁)ရက်နေ့ မွန်းတည့်(၁၂)နာရီက၊ ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို၊ (၂၁-၃-၂၀၂၃)ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိ အဌကထာ(ပ)၊ (၂၂-၃-၂၀၂၃)ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိအဌကထာ(ဒု)၊ (၂၃-၃-၂၀၂၃)ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂ ပါဠိအဌကထာ(ပ)၊ (၂၄-၃-၂၀၂၃)ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂ ပါဠိအဌကထာ(ဒု)၊ (၂၅-၃-၂၀၂၃)ရက်နေ့တွင် ဓမ္မသင်္ဂဏီပါဠိအဌကထာ(ပ)နှင့် (၂၆-၃-၂၀၂၃)ရက်နေ့တွင် ဓမ္မသင်္ဂဏီ ပါဠိအဌကထာ(ဒု) အစရှိသည်တို့ကို ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်းသိရပြီး၊ ယနေ့ (၂၁-၃-၂၀၂၃) ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိအဌကထာ(ပ)ကို ဖြေဆိုရန်အတွက် ရဟန်း ၂၆ ပါး၊ သာမဏေ ၁ ပါးနှင့် သီလရှင် ၃ ပါး၊ စုစုပေါင်း (၃၀)ပါး စာရင်းပေးသွားထားသည့်အနက်၊ ရဟန် ၂၀ ပါး၊ သာမဏေ ၁ ပါး၊ သီလရှင် ၃ ပါး၊  စုစုပေါင်း(၂၄)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး၊ ရဟန်(၆)ပါး ဖြေဆိုရန် ပျက်ကွက်ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုနေမှုကို၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမနဓဇ (စိတ္တပါလဂူကျောင်း)၊ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တသုဇာတနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများက ကြီးကြပ်တော်မူကြပြီး၊ မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊  အကျိုးတော်ဆောင် အဖွဲ့ဝင်များက ဆွမ်း၊ ကွမ်း အစရှိသည့် ဝေယျာဝစ္စများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)