ပေါင်းတည် မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမဆောင်၌ ကျန်းမာရေးစေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီမှစ၍ ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းသန်းချစ်က အနီးကပ်ကြီးကြပ်၍ ခရိုင်ငှက်ဖျားရောဂါအဖွဲ့ခေါင်းဆောင် ဒေါက်တာဇေဖြိုးသန့်၊ ခရိုင်ငှက်ဖျားဌာနမှူး ဦးဇော်မင်းထွန်းနှင့်မြို့နယ် အထွေထွေရောဂါကုသရေးဌာနများမှ ဆရာ၊ ဆရာမများက ငှက်ဖျား၊ တီဘီ၊ အနာကြီး၊ HIV ရောဂါများနှင့်ပတ်သက်သော ဘာသာရပ်များကို ဆင့်ပွားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိကျန်းမာရေးစေတနာ့ဝန်ထမ်းသင်တန်းသား ၁၄ ဦးတက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်မှ မတ်လ ၂၂ ရက်အထိဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
သူရကြီး(ပြန်/ဆက်)