ဟိုပုံး မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ အကောင်အထည်ဖော်ရေး အစီအစဉ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသစ်က အမှာစကားပြောကြားရာတွင် ဆွေးနွေးပွဲသင်တန်းပို့ချမည့်အစီအစဉ်နှင့် သင်တန်းစည်းကမ်း ချက်များကိုပြောကြားသည်။ အဆိုပါသင်တန်းတွင် အထက်တန်းပြ ဆရာ/ဆရာမ(၃၂၁)ဦး၊ အလယ်တန်းပြ ဆရာ/ဆရာမ(၁၁၁၂)ဦး၊ စုစုပေါင်း(၁၄၃၃)ဦးတက်ရောက်ကြပြီး မတ်လ(၂၁)ရက်နေ့မှ မတ်လ(၂၄)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ လေးရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)