ကျိုက်လတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်းဖွင့်လှစ်

ကျိုက်လတ် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ၂၀၂၃ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ ကာယဥာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုး တိုးတက်ကာ အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် သင်တန်းနည်းပြ အငြိမ်းစား ဆရာမ ဒေါ်သန်းသန်းအေးက  ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်္ဂလိပ်သဒ္ဒါအသုံးဝင်မှုများနှင့် အကျိုးကျေးဇူးများ၊  နွေရာသီကျောင်းပိတ်ရက် ကာလများ၌ ယခုကဲ့သို့သင်တန်း ဖွင့်လှစ်ပေးနေမှုများ၊ အင်္ဂလိပ်စာဘာသာရပ်ကို ကျွမ်းကျင်စေရန် လေ့လာသင့်သည့် နည်းစနစ်များကို ရှင်းလင်း ပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား စွာဖြင့် လေ့လာသင်ယူ ကြသည်။ အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ် (၁၅)ဦးတို့ တက်ရောက်ကြပြီး  သင်တန်းနည်းပြ ဆရာမက Eight parts of speech နှင့် အသုံးပြုပုံနည်းများ၊ ဝါကျ တည်ဆောက်ပုံများ၊ Basic letter writing and essay writing တို့ကို (၁၀)ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)