ပုသိမ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်မူလတန်းကြိုကျောင်း(A)ခန်းမှ ရင်သွေးငယ်လေးများက “ယဉ်တစ်ကိုယ်မယ်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မူလတန်းကြိုပညာသင်ကြား တတ်မြောက်ပြီးသော ရင်သွေးငယ်လေးများအား ECCD(Certificate) လက်မှတ်များကို တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် အတန်းပိုင်ဆရာမများက ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပဒေသာကပွဲ ဆက်လက်ပြုလုပ်ရာ မူလတန်းကြိုကလေးငယ်လေးများက အတန်းအလိုက် အေးမြတဲ့မူကြို၊ ဒုံးယိမ်းည၊ ရှာပုံတော်မင်းသားကြီး စသောတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပုသိမ်မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်စုစုပေါင်း (၁၄၆)ဦး တက်ရောက် ပညာသင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်/ဆက်)