ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေကျင် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က တောင်ဘက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား အား/ကာသိပ္ပံတက်ရောက်နိုင်ရေးအကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူငယ်နှင့် အားကစား ‌ခေါင်းင်းစဥ်ဖြင့် အကျယ်တဝင့်‌ဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူ‌လေးများက သိလိုသည့်မေးမြန်းချက်များကိုမေးမြန်းကြရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 ထွန်းထွန်းဇော်(ပြန်/ဆက်)