ပန်ဆိုင်း မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကလေးများဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ကလေးများ အဖက်ဖက်တွင် ထူးချွန်သောကလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မူလတန်းအဆင့် ကလေးငယ်(၁၁)ဦးတို့မှ စိတ်ဝင်စားစွာယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)