မိုင်းပျဉ်း မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသက်လွင်က ကလေးသူငယ်မှုခင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးနေမင်းထွန်းက ကလေးသူငယ်ဉပဒေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုရီက ကလေးသူငယ်အခွင့်အရေးများခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ ကလေးသူငယ်အခွင့်အရေးများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မူကြိုဆရာမများ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)