ကြံခင်း မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရန် အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန် ယနေ့နံနက်ပိုင်းက ကြံခင်းမြို့အဝင် ရွှေဗျိုင်းဖြူ ဆီဆိုင်ရှေ့နှင့် ကားဂိတ်များတွင် စစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိုနယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ခရီးသည်တင် မော်တော်ယာဉ်များတွင် ခရီးသွားပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်ရန်၊ အမှိုက်ခြင်း/အမှိုက်ပုံးများထားရှိခြင်း ရှိ/မရှိနှင့် ကားများနှင့် ဆိုင်ကယ်စီး ခရီးသွားပြည်သူများ လမ်းဘေးအမှိုက်မစွန့်ပစ်ရန်၊ "မြို့/ရွာတစ်ခွင် သန့်ရှင်းသာယာလှပစေရန်" ပူးပေါင်းကူညီ ဆောင်ရွက်ကြရနှ်နှင့် လိုက်နာခြင်းမရှိသော မော်တော်ကားများနှင့် အမှိုက်စွန့်ပစ်သော ခရီးသွားပြည်သူများအား စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)