မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မက်မန်း မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့၊ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကားပြောကြားရာတွင်  “(၇၈)နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်များအနေဖြင့် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြား ရေးမှူး)က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲဝင်စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်မြို့ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ(၁၅)ဦး ယနေ့တိုင် မမေ့တိုင်ကဗျာ၊ နှစ်သစ်မင်္ဂလာကဗျာနှင့် မေ့မေ့ရင်ခွင် ကဗျာများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျာင်းသူအားလုံးကို ဆုများချီမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)