ဒဂုံဆိပ်ကမ်း မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ အချိန်ကို အကျိုးရှိစွာအသုံးချစေရေးနှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မတ်လ ၁၈ ရက်နေ့မှစတင်၍ Fitness Dance၊ Aerobic ၊ ပန်းပွားသင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နည်းပြဆရာမဒေါ်နှင်းအိလွင်နှင့် အထက်တန်းပြ(ကာယ)ဒေါ်ခိုင်စံပယ်တို့က စနစ်တကျ သင်ကြားပေးလျက်ရှိသည်။
သင်တန်းကာလမှာ မတ်လ(၁၈)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့ထိ အပတ်စဥ်စနေနေ့မှ တနင်္ဂနွေနေ့အထိ နံနက်(၉)နာရီမှ (၁၁)နာရီ၊ မွန်းလွဲ(၁)နာရီမှ (၂း၃၀)နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မိန်းကလေးအသင်း သင်တန်းသားဦးရေ(၃၅)ဦး တက်ရောက်လျက်ရှိပြီး ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အေးမဥ္ဇူ