ကွတ်ခိုင် မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားအား လက်ဆင့်ကမ်းမျှဝေဆောင်ရွက်ခြင်းကို အစဉ်ရှေ့ရှုလျက် ၂၀၂၃ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ “ဥက္ကဋ္ဌဖလား” အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၂)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် စစ်ကြောင်းမှူး ဦးဆောင်သော ပြိုင်ပွဲဝင်အသင်းများက သစ္စာဓိဌာန်ရွတ်ဆို၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအား အလေးပြုကာ အားကစားကွင်း မှပြန်လည်ထွက်ခွာခဲ့သည်။ ဆက်လက်၍ ပွဲစဉ်ဇယားအတိုင်း Team Isotopes Vs Aung Group တို့မှ ယှဉ်ပြိုင်ကစားခဲ့ရာ Team Isotopes အသင်းမှ(2:0)ဖြင့် အနိုင်ရရှိကြောင်း သိရသည်။
အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ “ဥက္ကဋ္ဌဖလား” ဘောလုံးပြိုင်ပွဲတွင် (၁) Team Isotopes၊(၂) Bum Wan Fc၊ (၃) Aung Group Fc၊ (၄)Lwe Khan Fc၊ (၅) တာမိုးညဲ Fc၊(၆) Team Haya၊ (၇) Kawnghka Fc၊ (၈)Team Illest၊ (၉)Flyer Fc၊ (၁၀)Na Wai Fc၊ (၁၁)Ta'ang Idea Fc၊ (၁၂)မျိုးဆက်သစ် Fc၊ (၁၃) နှစ်ခြင်းလူငယ် Fc စုစုပေါင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး မတ်လ(၃၁)ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်(ပြန်/ဆက်)