ရန်ကုန် မတ် ၂၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးများဉာဏ်ရည်ထက်မြတ်စေရေးနှင့် စာကြည့်တိုက်တွင်မွေ့ပျော်စေရေးအတွက် သင်္ချာဉာဏ်စမ်းနှင့် ဂိမ်းကစားနည်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချစ်စုဝေက ကလေးများစာကြည့်တိုက်တွင် ပျော်မွေ့စေရေးအတွက် ကလေးဖတ်စာပေများဖတ်ရှုခြင်းအပြင် ဉာဏ်စမ်းဂိမ်းများကစားခြင်းဖြင့် စဥ်းစားတွေးခေါ်မှု၊ ဖြတ်ထိုးဉာဏ်နှင့် စူးစမ်းဆင်ခြင်လိုစိတ်များဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကလေးများအား သင်္ချာဉာဏ်စမ်းဖြေဆိုခြင်းနှင့် ဂိမ်းကစားနည်းများဖြစ်သည့် ဘောလုံးကောက်၊ အရုပ်ဆက်နှင့် စကားပုံဆက်ကစားနည်းများအား အဖွဲ့လိုက်ယှဥ်ပြိုင်ကစားပြီး ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)