ပေါင် မတ် ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ သူနာပြုဆရာမ ဒေါ်သန်းသန်းအေး ကတီဘီရောဂါဖြစ်ပွားရသည့်အကြောင်း၊ တီဘီရောဂါသည် ကူးစက်ရောဂါ ဖြစ်၍လူမှုစီးပွားရေးနှင့် ဆက်နွယ်နေသော ရောဂါဖြစ်ကြောင်း၊ တီဘီရောဂါသည် လူ၏ကိုယ်တွင်း ခုခံအား သိသိသာသာ ကျဆင်းမှသာတီဘီရောဂါဖြစ်နိုင်ကြောင်း၊ တီဘီရောဂါ ကူးစက်ပုံနှင့်ကြိုတင်ကာကွယ်ကုသပုံများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)