မိုင်းနောင် မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့နံနက်(၉)နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိဘပင်စင်စားများအား လစဥ်ပုံမှန်(၂၁)ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားပြီး အချိန်ကြန့်ကြာမှုများမရှိအောင် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
မိုင်းနောင်မြို့ မြန်မ့ာစီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများ ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက် နေပါကြောင်း ဘဏ်မန်နေဂျာ ဒေါ်မြတ်မျိုးမွန်ထံမှ သိရှိရသည်။
မနန်း(မိုင်းနောင်)