သံတောင်ကြီး မတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ဖယ်ဘိုးအထက် ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် ဖယ်ဖိုးအထက်ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းသူ(၃၈) ဦးအတွက် ရန်ပုံငွေကျပ်(၂၅၀)သိန်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ(၃)ဦးအတွက် ရန်ပုံငွေကျပ် (၁၀)သိန်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၉)ဦးအတွက် ရန်ပုံငွေကျပ် (၄၀)သိန်း စုစုပေါင်းရန်ပုံငွေကျပ် (၃၀၀)သိန်းအား မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များထံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ