ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဗဟန်း မတ် ၂၁

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေရန်နှင့် ဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့၊ ညနေ ၃ နာရီက ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

 ကျပန်းစကားပြောပြိုင်ပွဲတွင် ဗဟန်းမြို့နယ်အတွင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး တို့အား "Social media သုံးတာကောင်းတယ်"နှင့် Social media သုံးတာမကောင်းဘူး" စသည့် ခေါင်းစဉ်များကို မဲနှိုက်ပြီး မဲပေါက်သည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြ‌ကြောင်း သိရသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် အထူးဆုရရှိသူ မောင်‌ဇေယျာ၊ ပထမဆုရရှိသူ‌မောင်ကျော်စိုး၊ ဒုတိယဆုရရှိသူမောင်ခန့်လင်းနှင့် တတိယဆုရရှိသူ‌မောင်ဝဏ္ဏထွန်းတို့ကို ရန်ကုန်အနောက်ပိုင်းခရိုင်မှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ ဆက်)