နမ့်စန်တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆောင်ရွက်

နမ့်စန်() မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခရိုင်အဆင့်အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်နန်းခမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းက ဆွေးနွေးပွဲသင်တန်းပို့ချမည့် အစီအစဉ်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းကို နမ့်စန်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ စုစုပေါင်း ၃၉၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများက မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)